သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တော်တိုက်ခိုက်ခံရမှု စုံစမ်းအစီရင်ခံစာထုတ်ပြန် 


USA-POLITICS/TRUMP
USA-POLITICS/TRUMP

[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၁ ဇန်နဝါရီလ ၆ ရက် လွှတ်တော်စီးနင်းတိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး လွှတ်တော်အမတ်တွေရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိမှု အသေးစိတ် ဖော်ပြထားတဲ့ စာမျက်နှာ ၈၀၀ ကျော်ပါ နောက်ဆုံး အစီရင်ခံစာကို မနေ့ ကြာသပတေးနေ့က ထုတ်ပြန်လိုက်ပါတယ်။ မျက်မြင်သက်သေ ၁,၀၀၀ ကျော်ရဲ့ ထွက်ဆိုချက်တွေနဲ့ အများပြည်သူ ကြားနာပွဲ ၁၀ ကြိမ်လုပ်ခဲ့တဲ့ တနှစ်ခွဲကြာ စုံစမ်းစစ်ဆေးမှုတွေအပြီးမှာတော့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ကြိုးပမ်းမှုတွေမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက စွပ်စွဲလိုက်ပါတယ်။

“သမ္မတဟောင်း Trump ဟာ ဥပဒေတွေကို စောင့်ထိန်းဖို့ ဖွဲ့စည်းပုံနဲ့အညီ ပေးအပ်ထားတဲ့ သူ့ရဲ့တာဝန်ကို လျစ်လျူရှုပြီး ကွန်ကရက်လွှတ်တော်မှာ ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်နေတဲ့အချိန် မိနစ်ပေါင်း ၁၈၇ မိနစ်လောက် ဘာမှ တုံ့ပြန်ဟန့်တားတာတွေမလုပ်ခဲ့ဘူး ဆိုတာကို လတွေနဲ့ချီ စုံစမ်းစစ်ဆေးမှုတွေကနေ ခိုင်ခိုင်မာမာ တွေ့ရှိရတဲ့အကြောင်းနဲ့ ဒါဟာ သမ္မတတာဝန်တွေ ငြိမ်းငြိမ်းချမ်းချမ်း လွှဲပြောင်းမပေးချင်တဲ့အတွက် ဆူပူမှုတွေ ဖြစ်အောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ လွှတ်တော် စုံစမ်းစစ်ဆေးမှု ကော်မတီဝင်တဦး ဖြစ်တဲ့ ဒီမိုကရက် အောက် လွှတ်တော်အမတ် Elaine Luria ပြောသွားတာပါ။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက် လွှတ်တော် စီးနင်းတိုက်ခိုက်ခံရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အကြမ်းဖက်ဆူပူမှုတွေဖြစ်အောင် အားပေးအားမြှောက်လုပ်ခဲ့တာ အပါအဝင် လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို အနှောက်အယှက်ပြုမှု၊ တိုင်းပြည်ကို လိမ်ညာလှည့်ဖျားမှုနဲ့ လိမ်ညာထွက်ဆိုမှုတွေမှာ ပူးပေါင်းကြံစည်မှုတွေနဲ့ သမ္မတဟောင်းထရမ့်ကို တရားစွဲဆိုဖို့လည်း လွှတ်တော်ကော်မတီက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တရားရေးဌာနကို တိုက်တွန်းထားပါတယ်။ ဒါဟာ အမေရိကန်သမိုင်းမှာ သမ္မတဟောင်းတယောက်ကို ရာဇဝတ်မှုနဲ့တရားစွဲဖို့ ကွန်ဂရက်စ်လွှတ်တော်က ပထမဆုံးအကြိမ် ထောက်ခံတိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

ကန်လွှတ်တော်တိုက်ခိုက်ခံရမှု စုံစမ်းအစီရင်ခံစာထုတ်ပြန်.mp3
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

=============

[[Unicode]]





XS
SM
MD
LG