သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကျောက်မီးသွေးမိုင်း မီးလောင်မှု ၁၆ ဦးသေဆုံး


China Coal Mine Disaster
China Coal Mine Disaster

တရုတ်နိုင်ငံတောင်ပိုင်းမှာ ကျောက်မီးသွေးမိုင်း မီးလောင်တာကြောင့် လူ ၁၆ ယောက် တနင်္ဂနွေနေ့က သေဆုံးသွားကြတယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။

ကွေ့ကျိုး ပြည်နယ် (Guizhou province) ပါဂူအမ် (Panguan) က ရှန်ဂျောင်ရှု (Shanjiaoshu) ကျောက်မီးသွေးတွင်းမှာ မီးလောင်ခဲ့တာပါ။ ကွန်ဗေယာ ခါးပတ် က မီးလောင်ပြီးနောက် လူတွေပိတ်မိသွားခဲ့တာဖြစ်ကြောင်း ပန်ကျိုး (Panzhou) မြို့ အစိုးရက ကနဦးစစ်ဆေးချက်အရ တွေ့ရှိချက်ကို လူမှုမီဒီယာမှာ သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံဟာ ဖလ်လုံအိမ်ဓာတ်ငွေ့ကို ကမ္ဘာမှာ အများဆုံးထုတ်လုပ်နေတဲ့ နိုင်ငံပါ။ နေရောင်နဲ့ လေစွမ်းအင်အသုံးပြုတာကို ကြီးကြီးမားမားတိုးချဲ့နေပြီ ဖြစ်ပေမဲ့ လျှပ်စစ်အတွက်လည်း ကျောက်မီးသွေးအပေါ် မှီခိုနေရဆဲ ဖြစ်ပါတယ်။

မိုင်းလုပ်ငန်းဆိုင်ရာဝန်ကြီးဌာနက အလုပ်သမားတွေရဲ့လုံခြုံမှုကို မကြာမီနှစ်တွေ အတွေင်းက တိုးတက်အောင်လုပ်ဆောင်ခဲ့ပေမဲ့ လူအသေအပျောက်က ဆက်လက် ရှိနေဆဲဖြစ်ပါတယ်။

တရုတ်ကျောက်မီးသွေးမိုင်း မီးလောင်မှု ၁၆ ဦးသေဆုံး
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG