သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုအတွက် တပ်မတော်ဖြစ်ဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း


မှတ်တမ်းဓါတ်ပုံ - ၂၀၁၉မတ်လ တုန်းက ကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနား။
မှတ်တမ်းဓါတ်ပုံ - ၂၀၁၉မတ်လ တုန်းက ကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနား။

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဒီကနေ့ မတ်လ ၂၇ ရက်နေ့ ကျရောက်တဲ့ တပ်မတော်နေ့မှာ စစ်တပ် အနေနဲ့ မူလတာဝန်ဖြစ်တဲ့ ပြည်သူလူထုကို စောင့်ရှောက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener

တချိန်က မြန်မာ့လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့တဲ့ အထိမ်းအမှတ်နေ့မှာ မြန်မာစစ်တပ်က အကြမ်းဖက် နှိမ်နင်းမှုတွေ ကျုးလွန်နေတဲ့အပေါ် အထူးစိတ်ပျက်မိကြောင်းနဲ့ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ အထူးကိုယ်စားလှယ် Christine Schraner Burgener က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

"ဘယ်စစ်တပ်မဆို ပြည်သူကို အကာအကွယ်ပေးပြီး၊ ငြိမ်းချမ်းမှုရအောင် လုပ်ပေးရမယ့် တာဝန်ရှိပေမယ့် မြန်မာစစ်တပ်ကတော့ ကိုယ့်ပြည်သူကို ကိုယ်မတရားခြေမှုန်းနေပြီး အသတ်ခံနေရတဲ့ အထဲမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။" လို့ အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

မြန်မာစစ်တပ်ဘက်ကတော့ စနေနေ့ ကျရောက်မယ့် တပ်မတော်နေ့ အတွက် ဆန့်ကျင် ဆန္ဒပြမှုတွေ မလုပ်ဖို့ သတိပေးချက်တွေ သောကြာနေ့မှာ ထုတ်ပြန် ကြေညာနေပါတယ်။ ဆန္ဒပြမှုတွေမှာ မရှုမလှ သေဆုံးရတာတွေ ရှိနေတာကို သင်္ခန်းစာယူဖို့ သတိပေးထားသလို ဆန္ဒပြချင်တဲ့ သားသမီးတွေကို တားဆီးဖို့လည်း နိုင်ငံပိုင်မီဒီယာကနေ သတိပေးထားပါတယ်။

တော်လှန်ရေးနေ့လို့ အရင်က သုံးနှုန်းခေါ်ဆိုခဲ့တဲ့ တပ်မတော်နေ့မှာ စစ်တပ်က စစ်ရေးပြပွဲတွေ လုပ်ဖို့ ရှိနေချိန်မှာပဲ ပြည်တွင်းတက်ကြွလှုပ်ရှားသူတွေကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန့်ကျင်ဆန္ဒပြဖို့လည်း ပြင်ဆင်နေကြပါတယ်။

ကြာသပတေးနေ့က ဆန္ဒပြပွဲတွေ အတွင်း သေဆုံးရသူ ၉ ဦးထက်မနည်း ရှိခဲ့တဲ့ အတွက် သောကြာနေ့ အထိဆို စုစုပေါင်း သေဆုံးရသူက ၃၂၈ ဦး ရှိပြီဖြစ်ကြောင်း AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက သတင်းထုတ်ပြန်ထားပါတယ်။

လူထုအတွက် တပ်မတော်ဖြစ်ဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း
please wait

No media source currently available

0:00 0:01:59 0:00
တိုက်ရိုက် လင့်ခ်


.............

(Unicode)







XS
SM
MD
LG