သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"လက်ဘနွန်အချုပ်အခြာကိုထိပါးတဲ့ သဘောတူညီမှု လက်မခံ" - ဟက်ဇ်ဘိုလာ


လက်ဘနွန် ဟက်ဇ်ဘိုလာခေါင်းဆောင် Kassem ရုပ်သံ မိန့်ခွန်းပြောနေစဉ် (နိုဝင်ဘာ ၂၀၊ ၂၀၂၄)
လက်ဘနွန် ဟက်ဇ်ဘိုလာခေါင်းဆောင် Kassem ရုပ်သံ မိန့်ခွန်းပြောနေစဉ် (နိုဝင်ဘာ ၂၀၊ ၂၀၂၄)

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ လက်ဘနွန်ရှိ ဟက်ဇ်ဘိုလာအဖွဲ့အပေါ် အစ္စရေးက လွတ်လပ်စွာ တိုက်ခိုက်ခွင့်ပါရမယ်လို့ အစ္စရေးက တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ ဘယ်အပစ်ရပ် သဘောတူညီချက်ကိုမဆို လက်မခံနိုင်ဘူး လို့ ဟက်ဇ်ဘိုလာ အကြီးအကဲ က ဗုဒ္ဓဟူးနေ့မှာပဲ ပြောလိုက်ပါတယ်။

ဟက်ဇ်ဘိုလာ ရဲ့ အန္တရာယ်ကနေ အစ္စရေး နိုင်ငံသားတွေကို ကာကွယ်ပိုင်ခွင့်၊ အရေးယူ ဆောင်ရွက်ပိုင်ခွင့် အစ္စရေး စစ်တပ်မှာ ရှိတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz က ဆိုပါတယ်။ တကယ်လို့ သဘောတူတာကို ချိုးဖောက်လာခဲ့ရင်၊ လွတ်လပ်စွာ အရေးယူ ဆောင်ရွက်ပိုင်ခွင့် သဘောတူညီချက်ထဲမှာ ပါရှိရပါမယ်လို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Gideon Saar က ဂျေရူဆလမ်မှာ သံတမန်တွေကို ပြောပါတယ်။

လက်ဘနွန် အချုပ်အခြာ အာဏာကို ထိန်းသိမ်းပြီး၊ အစ္စရေး က ဝင်ချင်သလို ဝင်လာတာ အဆုံးသတ်ရမယ်လို့ ကြိုတင်အသံသွင်းထားတဲ့ မိန့်ခွန်းမှာ Kassem က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ အစ္စရေး နဲ့ လက်ဘနွန်ကြား သဘောတူညီချက် ရအောင်ကြိုးစားနေတဲ့ အမေရိကန် သံတမန် Amos Hochstein ဟာ ၂ ရက်ကြာ သူ့ခရီးစဥ်ကို ဗုဒ္ဓဟူးနေ့က အဆုံးသတ်လိုက်ပါတယ်။ တကယ့်အခွင့်အလမ်း ရှိနေပါတယ် လို့ အင်္ဂါနေ့တုန်းကတော့ သူက ဆိုပါတယ်။

"လက်ဘနွန်အချုပ်အခြာကိုထိပါးတဲ့ သဘောတူညီမှု လက်မခံ" - ဟက်ဇ်ဘိုလာ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG