သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအတွက်တရားမျှတမှု ငြိမ်းချမ်းရေးအတွက် အရေးကြီး (IIMM)


ယခင်မှတ်တမ်းရုပ်ပုံ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ဈေးတခုကိုတွေ့ရစဉ် (ဇွန် ၂၅၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ဈေးတခုကိုတွေ့ရစဉ် (ဇွန် ၂၅၊ ၂၀၂၄)

ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တရားမျှတမှုရှိဖို့လုပ်ဆောင်တာဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ အနာဂတ်ငြိမ်းချမ်းရေး အတွက် သိပ်အရေးပါတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM အကြီးအကဲ Nicholas Koumjian ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေရှိရာ ဘင်္ဂလာဒေ့ရှ် ၅ ရက်ခရီးစဉ် အပြီးမှာ ပြောကြားလိုက်ပါတယ်။

မစ္စတာ Koumjian ဟာ ဒီခရီးစဉ်အတွင်း အဆင့်မြင့် ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် Cox’s Bazar ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေက ရိုဟင်ဂျာတက်ကြွ လှုပ်ရှားသူတွေနဲ့ အဖွဲ့အစည်းကိုယ်စားလှယ် စုစုပေါင်း ၁၀၀ ကျော်နဲ့ပါ တွေ့ဆုံခဲ့ပြီး ရိုဟင်ဂျာတွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ IIMM ရဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ ဆက်လက်လုပ်ဆောင်နေမှုတွေ နဲ့ လက်ရှိနယ်စပ် အခြေနေတွေကို ဆွေးနွေးခဲ့တာပါ။ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ အရှိန်မြင့်လာတာကြောင့် နယ်စပ်ကျော်ဖြတ်ပြီး Cox’s Bazar ကို မကြာသေးခင်ကမှ ထွက်ပြေးခိုလှုံလာတဲ့ ရိုဟင်ဂျာက သောင်းနဲ့ချီ ရှိနေတာဖြစ်ပါတယ်။

၇ နှစ်ခွဲကျော် ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေလည်း ခုထိ နေရပ်မပြန်နိုင်သေးပါဘူး။ သူတို့တွေ လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ ပထမခြေလှမ်း အနေနဲ့ သူတို့အပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လိုအပ်ပြီး ဒီလို အဆုံးသတ်မှသာ ရခိုင်ပြည်နယ်ထဲက လူမှု အသိုင်းဝိုင်း အားလုံး အတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

IIMM အနေနဲ့ မြန်မာနိုင်ငံတွင်း ဆိုးဝါးတဲ့ ရာဇဝတ်မှု ကျူးလွန်သူ လူမျိုးဘာသာမရွေး အားလုံးကို စုံစမ်းဖေါ်ထုတ်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ၂၀၂၄ နိုဝင်ဘာမှာ ICC နိုင်ငံတကာ ရာဇဝတ်တရားရုံး ရှေ့နေက စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို လူသားချင်းစာနာမှု မရှိတဲ့ ရာဇဝတ်မှုအတွက် ဖမ်းဝရမ်း ထုတ်ဖို့ ပန်ကြားချက် ထွက်လာတဲ့ နောက်မှာ IIMM အကြီးအကဲ ဘင်္ဂလားဒေ့ရှ် ခရီးစဉ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအတွက်တရားမျှတမှု ငြိမ်းချမ်းရေးအတွက် အရေးကြီး (IIMM)
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG