သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ချဗိုလ်မှူးချုပ်သုံးဦးကို စစ်ကောင်စီက သေဒဏ်ပြစ်ဒဏ်ချခဲ့ 


ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်ထားတဲ့ ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ လက်နက်ချလာသူများ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်ထားတဲ့ ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ လက်နက်ချလာသူများ (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

တရုတ်မြန်မာနယ်စပ်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ဟာ ပြီးခဲ့တဲ့လထဲမှာပဲ "တပ်ဖွဲ့ဝင်ရာနဲ့ချီနဲ့အတူ လက်နက်ချခဲ့ပြီး မဟာဗျူဟာကျတဲ့ လောက်ကိုင်မြို့ကို ညီနောင်မဟာမိတ်တွေလက်ထဲ ထိုးအပ်လိုက်တဲ့အတွက်" ဆိုပြီး ဗိုလ်မှူးချုပ် ၃ ဦးကို စစ်ကောင်စီကသေဒဏ်ချမှတ်ခဲ့တယ်လို့ စစ်ဖက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြပါတယ်။

လောက်ကိုင်တပ်မှူးအပါအဝင် ဗိုလ်မှူးချုပ်သုံးဦးတို့ကို သေဒဏ်ပေးခဲ့ကြောင်း နာမည်မဖော်လိုတဲ့ စစ်ဖက်သတင်းရင်းမြစ်က AFP ကိုပြောပါတယ်။ အခြား စစ်ဖက်သတင်းရင်းမြစ်တခုကလည်း ဒီသတင်းကို အတည်ပြုခဲ့တာပါ။ လောက်ကိုင်က ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညီနောင်မဟာမိတ်တို့ထံ ဇန်နဝါရီလအတွင်း လက်နက်ချခဲ့ကြတာဟာ မြန်မာစစ်တပ်အတွက်တော့ ဆယ်စုနှစ်နဲ့ချီအတွင်းအကြီးမားဆုံး ကျရှုံးမှုလည်းဖြစ်သလို စစ်ဖက်ထောက်ခံသူတွေကြား ဝေဖန်သံတွေလည်း ထွက်လာခဲ့ပါတယ်။

သေဒဏ်စီရင်ချက်ကို ဘယ်တုန်းက ချမှတ်ခဲ့တာလဲဆိုတာကိုတော့ စစ်ဖက်သတင်းရင်းမြစ်တွေက အသေးစိတ် မပြောပါဘူး။ ဗိုလ်မှူးချုပ်သုံးဦးစလုံး စစ်ဖက်က ထိန်းသိမ်းထားကြောင်း စစ်ကောင်စီပြောခွင့်ရသူက AFP သတင်းဌာနကို ပြီးခဲ့တဲ့လက အတည်ပြုထားပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်ဖက်ဥပဒေအရ ခွင့်ပြုချက်မရဘဲ ရာထူးကိုစွန့်ခွါရင် သေဒဏ်အပြစ်ပေးနိုင်ပါတယ်။

ခုထွက်ပေါ်လာတဲ့သတင်းနဲ့ပတ်သက်လို့ မြန်မာစစ်ဖက်ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရဘူးလို့လည်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

လက်နက်ချဗိုလ်မှူးချုပ်သုံးဦးကို စစ်ကောင်စီက သေဒဏ်ပြစ်ဒဏ်ချခဲ့
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG