သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် စစ်တပ်တွင်း အပြောင်းအလဲတွေ ဖော်ဆောင်ဖို့ ၀န်ကြီးသစ် ကတိပြု


အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth၊ ဇန် ၂၇၊ ၂၀၂၅
အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth၊ ဇန် ၂၇၊ ၂၀၂၅

အမေရိကန်ကာကွယ်ရေး ဝန်ကြီးသစ် Pete Hegseth က အမေရိကန်စစ်တပ်အတွင်း အပြောင်းအလဲတွေ ပိုပြီးလုပ်ဆောင်ဖို့ ကတိပြုပြောဆိုလိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် ပထမဆုံးနေ့ စတင်တာဝန်ယူဖို့ ရောက်လာတဲ့ စစ်မှုထမ်းဟောင်းနဲ့ Fox News ရဲ့ အစီအစဉ် တင်ဆက်သူဟောင်း Hegseth ကို အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ အပြင်ဘက်မှာ ပူးတွဲ စစ်ဦးစီးချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး CQ Brown က ကြိုဆိုပါတယ်။

ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရတာက တသက်တာဂုဏ်ယူစရာ ဖြစ်ကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ ပိုပြီး အရှိန်မြှင့် လုပ်ငန်းတွေ ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း Hegseth က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အမေရိကန် သမ္မတရဲ့ တရားဝင် အမိန့်ညွှန်ကြားချက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနတွင်းမှာ ခြွင်းချက် မရှိ မြန်မြန် အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ကြောင်း၊ တာဝန်ရှိသူတွေ တာဝန်ခံရမှာ ဖြစ်ကြောင်း Hegseth က ပြောပါတယ်။

အထက်လွှတ်တော် မဲခွဲမှုမှာဒုတိယ သမ္မတ JD Vance ရဲ့ အနိုင်အရှုံးဆုံးဖြတ်ပေးတဲ့ ထောက်ခံမဲကို ရပြီး ထောက်ခံမဲ ၅၁ မဲ၊ ကန့်ကွက်မဲ ၅၀ နဲ့ Hegseth ကို ကာကွယ်ရေးဝန်ကြီးအဖြစ် သောကြာနေ့ နှောင်းပိုင်းမှာ အတည်ပြုခဲ့တာပါ။ စနေနေ့မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ကျမ်းကျိန်ခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာတော့ အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ဆက်သွယ် စကားပြောခဲ့ပြီး ဒါက မိတ်ဆက်ဆွေးနွေးမှု ဖြစ်တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ပြောဆိုထားပါတယ်။

ကန် စစ်တပ်တွင်း အပြောင်းအလဲတွေ ဖော်ဆောင်ဖို့ ၀န်ကြီးသစ် ကတိပြု
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG