သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါနဲ့ မက္ကဆီကိုအတွက် အမေရိကန် အခွန်နှုန်းထားသစ် မသေချာသေး


မက္ကဆီကိုနိုင်ငံရှိ tequila အရက်စက်ရုံတခု မြင်ကွင်း။ (မှတ်တမ်းရုပ်ပုံ)
မက္ကဆီကိုနိုင်ငံရှိ tequila အရက်စက်ရုံတခု မြင်ကွင်း။ (မှတ်တမ်းရုပ်ပုံ)

အမေရိကန်ကိုပို့တဲ့ ကနေဒါနဲ့ မက္ကဆီကို ပို့ကုန်တွေအ‌ပေါ် ချမယ့် အခွန်အသစ် အင်္ဂါနေ့မှာ ကြေညာဖို့ရှိပေမဲ့ အခွန်နှုန်းက ၂၅ ရာနှုန်းအထိ မြင့်မှာမဟုတ်ဘူးလို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Howard Lutnick က တနင်္ဂနွေနေ့က ပြောပါတယ်။

အခြေအနေက ညှိုနှိုင်းနေတဲ့ အခြေအနေပါလို့ Lutnick က Fox News မနက်ခင်းအစီအစဥ်မှာ ပြောပါတယ်။ နယ်စပ်တွေမှာ အကြောင်းသင့် အကျိုးသင့် လုပ်ရမှာတွေကို မက္ကဆီကိုနဲ့ ကနေဒါတို့က လုပ်ခဲ့ပေမဲ့ မူးယစ်ဆေး fentanyl ကတော့ အမေရိကန်ကို ဝင်နေတုန်းပဲလို့ Lutnick က ဆိုပါတယ်။

ခုလို အခွန်ချမယ်ဆိုတာကို ထရမ့်က ပြီးခဲ့တဲ့လက ကြေညာခဲ့တာပါ။ အမေရိကန်နိုင်ငံထဲကို မူးယစ်ဆေးဝါး အဝင်ကျသွားအောင် မက္ကဆီကို အမေရိကန်နယ်စပ်မှာ တပ်သား ၁၀,၀၀၀ ချထားမယ်လို့ မက္ကဆီကိုသမ္မတက ကြေညာအပြီးမှာ ကြေညာချက်ကို ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

ကနေဒါကလည်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး မင်းကြီးတဦး ခန့်ထားမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အလွန်မြင့်မားပြီး လက်မခံနိုင်တဲ့ အဆင့်အထိ မူးယစ်ဆေးတွေက မက္ကဆီကိုနဲ့ ကနေဒါကနေ ဝင်နေဆဲဖြစ်ပြီး ဒီ မူးယစ်ဆေးအများစုက Fentanyl ပုံစံနဲ့ တရုတ်မှာလုပ်၊ ဖြန့်ခဲ့တာဖြစ်တယ်လို့ ထရမ့်က အရင်အပတ်က Truth Social လူမှုစာမျက်နှာမှာ ရေးပါတယ်။

မက္ကဆီကိုနဲ့ အမေရိကန် သဘောတူညီချက်တရပ်ရဖို့ မျှော်လင့်တယ်လို့ မက္ကဆီကိုသမ္မတ Sheinbaum က အရင်အပတ်က ဆိုပါတယ်။ အင်္ဂါနေ့မှာ တရုတ်ပစ္စည်းတွေအပေါ် ဖေဖော်ဝါရီလတုန်းက ချထားခဲ့တဲ့ ၁၀ ရာနှုန်းအပေါ် နောက်ထပ် ၁၀ ရာနှုန်း ထပ်တိုးဖို့ရှိတယ်လို့ ထရမ့်က ပြောပါတယ်။

ကနေဒါနဲ့ မက္ကဆီကိုအတွက် အမေရိကန် အခွန်နှုန်းထားသစ် မသေချာသေး
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG