သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ် ၄ ခု မဲရလဒ်အငြင်းပွားမှု ကန်တရားရုံးချုပ် ပယ်ချ


အမေရိကန်တရားရုံးချုပ် အဆောက်အဦ။
အမေရိကန်တရားရုံးချုပ် အဆောက်အဦ။

(Zawgyi / Unicode)

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ပြည်နယ် ၄ ခုက မဲရလဒ်တွေကို တရားမဝင်အဖြစ် သတ်မှတ်ကြေညာပေးဖို့ တက္ကဆက်စ်ပြည်နယ်က လျှောက်ထားတာကို တရားရုံးချုပ်က သောကြာနေ့မှာ ပယ်ချလိုက်ပါတယ်။

အဲဒီပြည်နယ်တွေမှာ သမ္မတ Donald Trump က သူ့ရဲ့ပြိုင်ဘက် Joe Biden ကို ရှုံးနိမ့်ခဲ့တာပါ။

ဒါဟာဖြင့် ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ပစ်ဖို့ တရားရုံးတွေကနေတဆင့် သမ္မတ Trump ကြိုးစားနေခဲ့တာ အဆုံးသတ်လုနီး ဖြစ်သွားတဲ့သဘောပါပဲ။

တက္ကဆက်စ်ပြည်နယ်ဟာ ဂျော်ဂျီယာ၊ မီရှီဂန်၊ ပန်ဆယ်လ်ဗေးနီးယားနဲ့ ဝစ္စကွန်ဆင်ပြည်နယ်တွေကို တရားစွဲဆိုခွင့်မရှိဘူး၊ နောက်ပြည်နယ်တခုက သူ့ဆီမှာလုပ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စောဒကတက်ဖို့ရာ တရားရုံးရဲ့ စီရင်ပိုင်ခွင့်ထဲမှာ ရှိတယ်ဆိုတာကို တက္ကဆက်စ်ပြည်နယ်အနေနဲ့ အခိုင်အမာ သက်သေမပြနိုင်ဘူးလို့ လက်မှတ်ထိုးမထားတဲ့ တရားရုံးချုပ်ဆုံးဖြတ်ချက် အကျဉ်းထဲမှာ ဖော်ပြထားပါတယ်။

သမ္မတ Trump ကို ထောက်ခံသူလည်းဖြစ်၊ တက္ကဆက်စ်ပြည်နယ် ရှေ့နေချုပ်လည်းဖြစ်တဲ့ Ken Paxton က တရားရုံးချုပ်မှာ စွဲဆိုလျှောက်ထားခဲ့တာဖြစ်ပြီး တခြားပြည်နယ်တွေက ရီပတ်ဘလစ်ကန် ရှေ့နေချုပ်တွေနဲ့အတူ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် ၁၂၆ ယောက်တို့ကလည်း ထောက်ခံခဲ့ကြပါတယ်။

သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်တွေ မဲပေးတာကို နှောင့်နှေးစေဖို့ အကြိတ်အနယ်ပြိုင်ခဲ့ရတဲ့ ပြည်နယ် ၄ ခုမှာ တနင်္လာနေ့ကျရင် ကိုယ်စားလှယ်တွေ မဲပေးမယ့်ကိစ္စကို တားဆီးဖို့ အခုလို တရားရုံးချုပ်ထိတက်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ် ၄ ခု မဲရလဒ်အငြင်းပွားမှု ကန်တရားရုံးချုပ် ပယ်ချ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)








XS
SM
MD
LG