သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး အမေရိကန်အဆိုပြုချက် အောင်မြင်မှုမရသေး


ဂါဇာကမ်းမြောင် အလယ်ပိုင်း Deir Al-Balah မြို့မှာ အစ္စရေးလေကြောင်းဗုံးကြဲမှုအတွင်း ပျက်စီးသွားတဲ့မော်တော်ယာဉ်တစီးကိုတွေ့ရစဉ် (ဇွန် ၄၊ ၂၀၂၄)
ဂါဇာကမ်းမြောင် အလယ်ပိုင်း Deir Al-Balah မြို့မှာ အစ္စရေးလေကြောင်းဗုံးကြဲမှုအတွင်း ပျက်စီးသွားတဲ့မော်တော်ယာဉ်တစီးကိုတွေ့ရစဉ် (ဇွန် ၄၊ ၂၀၂၄)

ဂါဇာဒေသမှာ တိုက်ခိုက်မှုတွေရပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ဖို့နဲ့ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံအချို့ကို လွှတ်ပေးရေး စတဲ့ အဆိုပြုချက်တွေပါတဲ့ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဒီနေ့အထိ မရေမရာဖြစ်နေပါတယ်။ ဟာမတ်စ်တွေဘက်ကလည်း အဆိုပြုချက်ကို တုံ့ပြန်ခြင်းမရှိသေးသလို၊ အမေရိကန် ဘက်ကလည်း ဒီသဘောတူညီချက်ကို လက်ခံအကောင်အထည် ဖော်နိုင်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပံ့ပိုးကူညီမှုရဖို့ ကြိုးပမ်းနေပါတယ်။
အမေရိကန်ရဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာတော့ ဟာမတ်စ်တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဘယ်လို အခြေအနေမျိုးနဲ့မှ နှောင့်နှေးမှုမရှိဘဲ အပြည့်အဝလက်ခံပြီး အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။ ဟာမတ်စ်တွေဘက်က အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ကြာသပတေးနေ့က လက်ခံရရှိခဲ့ပေမဲ့ တုံ့ပြန်မှု မရှိသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller က မနေ့ကပဲ သတင်းထောက်တွေကို ပြောပါတယ်။ အခု အဆိုပြုချက်မှာပါတဲ့တဲ့ အချက်အလက် တွေဟာ ဟာမတ်စ်တွေဘက်က ပြီးခဲ့တဲ့ ရက်သတ္တပတ်များစွာက တင်သွင်းခဲ့တဲ့ အဆိုပြုချက်ရဲ့ အဓိကအစိတ်အပိုင်းတွေနဲ့ အများစု တူညီတယ်လို့လည်း သူက ပြောပါတယ်။
သဘောတူညီချက်ရဲ့ အခြေခံအကျဆုံးအချက်တွေထဲမှာ တိုက်ပွဲတွေကို ခြောက်ပတ်ကြာ ရပ်နားထားရေး၊ ဂါဇာမှာရှိနေတဲ့ ဓားစာခံအချို့ကို လွှတ်ပေးရေး၊ ပါလက်စတိုင်းအတွက် နေ့စဉ် ထောက်ပံ့ရေး ကုန်တင်ကား အစီးရေ ၆ဝဝ ပေးပို့ခြင်းနဲ့ ပဋိပက္ခကို အပြီးတိုင်အဆုံးသတ်နိုင်ရန် ရည်ရွယ်တဲ့ နောက်ထပ် ညှိနှိုင်းမှုတွေ ပြုလုပ်ရေး စတာတွေပါဝင်ပါတယ်။ အမေရိကန်ဘက်ကတင်သွင်းတဲ့ အဆိုပြုချက်ကို သမ္မတ ဂျိုးဘိုင်ဒင်က လူသိရှင်ကြား တင်ပြခဲ့ပေမဲ့ ဒီအဆိုပြုချက်ဟာ အစ္စရေးဘက်က အဆိုပြုချက်တွေဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက တနင်္လာနေ့က ထပ်လောင်းပြောပါတယ်။

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး အမေရိကန်အဆိုပြုချက် အောင်မြင်မှုမရသေး
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG