သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း လေတပ်ဦးစီးချုပ် နေပြည်တော်ရောက်ရှိ


ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Punpakdee Pattanakul နေပြည်တော်ကိုရောက်လာပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဥ်။ (နိုဝင်ဘာ ၂၂၊ ၂၀၂၃/ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေး)
ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Punpakdee Pattanakul နေပြည်တော်ကိုရောက်လာပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဥ်။ (နိုဝင်ဘာ ၂၂၊ ၂၀၂၃/ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေး)

နိုင်ငံတဝန်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းသုံးပြီး တိုက်ခိုက်နေချိန်မှာပဲ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Punpakdee Pattanakul ဟာ စစ်ကောင်စီလေတပ် ဦးစီးချုပ်ရဲ့ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၂ ရက်က နေပြည်တော်ကို ရောက်နေတယ်လို့ စစ်ကောင်စီဘက်က နိုဝင်ဘာ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဆန့်ကျင်တဲ့ လက်နက်ကိုင် အင်အားစုတွေကို လေကြောင်းကနေ အဓိက တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့တဲ့ အပတ်ကတင် ချင်းပြည်နယ်က လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေး (၈) ယောက် အပါအဝင် အနည်းဆုံး အရပ်သား ၁၁ ယောက် သေဆုံးခဲ့ပါတယ်။ ဒီလို အခြေအနေမှာ ထိုင်းလေတပ်အကြီးအကဲက နေပြည်တော်ကို အလည်အပတ်ရောက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်တို့အပါအဝင် မြန်မာစစ်အရာရှိကြီးတွေနဲ့ နိုဝင်ဘာ ၂၂ နဲ့ ၂၃ ရက်တွေမှာ တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံမှုတွေအတွင်း နှစ်နိုင်ငံ လေတပ်ဆက်ဆံရေး ကောင်းမွန်စေရေး၊ နည်းပညာဖလှယ်ရေးနဲ့ လူသားချင်းကူညီကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တခါ ထိုင်းသတင်းတွေမှာ ဖော်ပြချက်အရ (၂၄) ကြိမ်မြောက် အာဆီယံ တပ်မတော် ဘက်ပေါင်းစုံအစည်းအဝေး (ACAMM) ကို ထိုင်းနိုင်ငံ ဟွာဟင်းမှာ နိုဝင်ဘာ ၂၂ ရက်ကနေ ၂၅ ရက်အထိ ကျင်းပနေပြီး အဲဒီမှာလည်း မြန်မာစစ်တပ်ဘက်ကိုယ်စားလှယ်တက်ရောက်နေတယ်လို့ ဆိုပါတယ်။

အဲဒီမှာ ထိုင်းစစ်တပ်အကြီးအကဲက ဒေသလုံခြုံရေးအတွက် စစ်တပ်တွေရဲ့ အခန်းကဏ္ဍကအရေးကြီးပြီး လက်နက် လူသူ အင်အား အမြဲ အဆင်သင့် ရှိနေဖို့လိုတယ်လို့ ပြောကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်း လေတပ်ဦးစီးချုပ် နေပြည်တော်ရောက်ရှိ
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG