သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ လွှတ်တော်တွင်း ပြောင်းရွှေ့ကျင်းပမည်


သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲကျင်းပမဲ့လွှတ်တော်အဆောက်အဦရှေ့ မြင်ကွင်း (ဇန်နဝါရီ ၁၇၊ ၂၀၂၅)
သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲကျင်းပမဲ့လွှတ်တော်အဆောက်အဦရှေ့ မြင်ကွင်း (ဇန်နဝါရီ ၁၇၊ ၂၀၂၅)

လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ရာသီဥတု အခြေအနေကြောင့် လွှတ်တော် အဆောက်အအုံ အတွင်းပိုင်းမှာ ပြောင်းလဲ ကျင်းပတော့မှာဖြစ်ပါတယ်။

အစဥ်အလာအားဖြင့် အမေရိကန်သမ္မတတွေရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွေကို လွှတ်တော် အဆောက်အဦကြီးရဲ့ အပြင်ဘက် လွှတ်လပ်ရေးကျောက်တိုင်နဲ့ ပြည်သူ့ရင်ပြင်ကို မျက်နှာမူထားတဲ့ နေရာမှာ ကျင်းပလေ့ရှိပြီး နိုင်ငံတဝန်းက လာရောက် ကြည့်ရှုကြသူတွေ ပြည်သူ့ရင်ပြင်တဝိုက် ပြည့်နေလေ့ရှိပါတယ်။

ဒါပေမဲ့လည်း အခုတကြိမ် ကျမ်းသစ္စာ ကျိန်ဆိုပွဲနေ့မှာ ရာသီဥတုက ရေခဲမှတ်အောက် ၅ ဒီဂရီ ဖာရင်ဟိုက်ကနေ ၁၁ ဒီဂရီ ဖာရင်ဟိုက်အထိ အေးခဲနေမှာဖြစ်လို့ ကျမ်းကျိန်ပွဲ အခမ်းအနားကို လွှတ်တော် အဆောက်အဦကြီးထဲမှာပဲ ကျင်းပဖို့ ပြောင်းလဲ စီစဥ်လိုက်တာပါ။ Trump ကျမ်းသစ္စာ ကျိန်ဆိုမယ့်နေ့မှာ အအေးဓာတ်က အနှစ် ၄၀ အတွင်း အအေးဆုံး ဖြစ်လိမ့်မယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်း သတိပေး ထားပါတယ်။

အခုလိုမျိုး ရာသီဥတု အခြေအနေကြောင့် ကျမ်းကျိန်ပွဲကို အဆောက်အဦး အတွင်းပိုင်းကို ရွှေ့ပြောင်း ကျင်းပရတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၁၉၈၅ ခုနှစ်က သမ္မတ Ronald Reagan ဒုတိယအကြိမ် သမ္မတ သက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုတုန်းကလည်း အခုလိုပဲ ရာသီဥတု အေးလွန်းတာကြောင့် အတွင်းကို ရွှေ့ပြောင်း ကျင်းပခဲ့တာဖူးပါတယ်။

Trump ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တရုတ် ဒုသမ္မတ Han Zheng တက်ရောက်မယ့် အကြောင်း အတည်ပြု ပြောဆိုပြီး မကြာခင်မှာပဲ အခုလို အခမ်းအနားကို လွှတ်တော်အဆောက်အဦထဲမှာပဲ ကျင်းပတော့မယ့်အကြောင်း သတင်းလည်း ထွက်လာတာပါ။ တရုတ် ထိပ်တန်း ခေါင်းဆောင်တဦး အမေရိကန်သမ္မတ ကျမ်းကျိန်ပွဲကို တက်ရောက်မှာကတော့ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ လွှတ်တော်တွင်း ပြောင်းရွှေ့ကျင်းပမည်
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG