သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက်ဆီကိုတံတိုင်းအရေး Trump အခိုင်အမာ ဆက်လက်ရပ်တည်


အမေရိကန် အစိုးရယန္တရား တစိတ်တပိုင်းကို ရပ်ဆိုင်းထားရတာ ကာလကြာရှည်ဖြစ်နေတာဟာ သမ္မတကြောင့်လို့ အမေရိကန် အများစုက အပြစ်တင်နေကြပေမယ့် သမ္မတ Donald Trump ကတော့ ကွန်ဂရက်လွှတ်တော်က အတိုက်အခံ ဒီမိုကရက်အမတ်တွေမှာလည်း တာဝန်တူတူ ရှိနေကြောင်း တနင်္လာနေ့ အမေရိကန် လယ်သမားထုနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

အမေရိကန်လုံခြုံမှု ရှိဖို့ လိုအပ်နေတာကိုလုပ်ဆောင်ဖို့ သူတို့က အတည်ပြုမပေးဘူးလို့ သမ္မတ Trump က New Orleans မှာ ကျင်းပတဲ့ အမေရိကန် လယ်သမားများ အဖွဲ့ချုပ် နှစ်တရာပြည့် နှစ်ပတ်လည် အခန်းနားမိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။ မက်ဆီကိုနယ်စပ်တလျှောက် တံတိုင်းကာရံဖို့ သူတောင်းနေတဲ့ ဘီလျံနဲ့ချီတဲ့ ရံပုံငွေ မရတာနဲ့ ပတ်သက်ပြီး သမ္မတက အခုလို ခုခံပြောဆိုခဲ့တာပါ။

နယ်စပ်လုံခြုံရေးအတွက် ဒရုန်းယဉ်တွေ အာရုံခံစက်တွေ ပဲ ထားမယ်ဆိုတာ မသင့်လျှော်ကြောင်းနဲ့ အမေရိကန်နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်မှုတွေ မရှိစေဖို့ ခိုင်မာတဲ့ သံမဏိ ဒါမှမဟုတ် ကွန်ကရိတံတိုင်း ကာရံမှ ဖြစ်မယ်လို့လည်း ပြောပါတယ်။

အမေရိကန်နိုင်ငံကို လုံခြုံစေဖိုသူ့ရဲ့ ကြိုးစားမှုအတွက် ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ကြောင်းနဲ့ အခုလို တံတိုင်းအတွက် ရံပုံငွေ ချမပေးတာဟာ လာမယ့်နှစ် သမ္မတရွေးကောက်ပွဲမှာ သူပြန်အရွေးခံဖို့ မဲဆွယ်တဲ့အခါ ပြဿနာဖြစ်အောင် ဒီမိုကရက်တွေက လုပ်ဆောင် တာသာဖြစ်ကြောင်းလည်း သမ္မတ Trump က ပြောကြားခဲ့တာပါ။

အစိုးရ ယန္တရားတစိတ်တပိုင်း ရပ်ဆိုင်းထားရတာနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူရာမှာ သမ္မတ Trump နဲ့ သူ့ရဲ့ရီပတ်ဘလစ်ကင် ပါတီမှာ တာဝန်ရှိကြောင်း ပြောဆိုကြသူများနေတာကို အဓိကစစ်တမ်းကြီး ၆ ခုမှာ တွေ့ရပါတယ်။ Quinnipiac တက္ကသိုလ်က တနင်္လာနေ့ ထုတ်ပြန်တဲ့ စစ်တမ်းမှာတော့ မဲပေးသူတွေထဲက ၆၃ % က အစိုးရယန္တရား တစိတ်တပိုင်း ပြန်ဖွင့်ရေးမှာ နယ်စပ်တံတိုင်း ရံပုံငွေကိစ္စညှိနှိုင်းရင်း နယ်စပ်လုံခြုံရေးကိစ္စကို ထည့်မပြောဖို့ ဒီမိုကရက်တွေရဲ့ အဆိုပြုချက်ကို ထောက်ခံကြတာ တွေ့ရပါတယ်။

မက်ဆီကိုတံတိုင်းအရေး Trump အခိုင်အမာ ဆက်လက်ရပ်တည်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG