သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio (ယာ) နဲ့ ကနေဒါနိုင်ငံခြားရေးဝနန်ကြီး Melanie Joly တို့ ဝါရှင်တန်ဒီစီ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့တဲ့ ယခင်မှတ်တမ်းဓာတ်ပုံ၊ (ဇန်နဝါရီ ၂၉၊ ၂၀၂၅)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio (ယာ) နဲ့ ကနေဒါနိုင်ငံခြားရေးဝနန်ကြီး Melanie Joly တို့ ဝါရှင်တန်ဒီစီ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့တဲ့ ယခင်မှတ်တမ်းဓာတ်ပုံ၊ (ဇန်နဝါရီ ၂၉၊ ၂၀၂၅)

အမေရိကန်နဲ့ ကနေဒါကြား ကုန်သွယ်ရေးကိစ္စတင်းမာနေချိန်မှာ အမေရိကန်နဲ့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စတွေအပါအဝင် နိုင်ငံတကာကိစ္စတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Melanie Joly တို့ ဗုဒ္ဓဟူးနေ့က ဆက်သွယ် ဆွေးနွေး ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စ၊ နယ်စပ်လုံခြုံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာအခက်အခဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးနှစ် ယောက် ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကနေဒါနဲ့မက္ကဆီကို သွင်းကုန်တွေအပေါ် အမေရိကန်ပြည်ထောင်စုက သွင်းကုန်ခွန် ၂၅ ရာနှုန်း ကောက်ခံမှု မတ်လ (၄) ရက် အင်္ဂါနေ့က စတင်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန် ကားကုမ္ပဏီကြီး (၃) ခုရဲ့ ထောက်ပြမှုကြောင့် မြောက်အမေရိကထုတ်‌ မော်တော်ယာဉ်တွေအပေါ် သွင်းကုန်ခွန် ၂၅% ကောက်ခံမှုကို တလဆိုင်းငံ့လိုက်တယ်လို့ အိမ်ဖြူတော်က ကြေညာပါတယ်။

အမေရိကန်ကားကုမ္ပဏီကြီးတွေဖြစ်တဲ့ Ford ၊ General Motors ၊ Stellantis ကအကြီးအကဲတွေနဲ့ သမ္မတ Trump ဆက်သွယ်စကားပြောခဲ့ပြီး အခွန်ကောက်ခံမှုကို ဆိုင်းငံ့ထားဖို့ဆုံးဖြတ်ခဲ့တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Karoline Leavitt က မနေ့ကသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သမ္မတထရမ့်ဟာ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ လည်း အခွန်ကိစ္စတွေ ဆွေးနွေးခဲ့ ပါတယ်။ သမ္မတထရမ့်အနေနဲ့ တိုးမြှင့်ထားတဲ့ သွင်းကုန်ခွန်အားလုံးကို ပြန်လည် မရုပ်သိမ်းမချင်း၊ ကနေဒါဘက်က လက်တုံ့ပြန်အခွန်တိုးမြှင့်ထားတာတွေကို ဝန်ကြီးချုပ် Trudeau အနေနဲ့ ပြန်လည်ရုပ်သိမ်းဖို့ဆန္ဒမရှိဘူးလို့ AP သတင်းကဖေါ်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG