သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားမတ်စ်ကို အမြစ်ပြတ် ရှင်းလင်းရမယ် (အမေရိကန်)


အကျဥ်းသားလဲလှယ်ရေးအစီအစဥ်အရ လွတ်မြောက်လာသည့် အစ္စရေးလ်နွယ်ဖွား အမေရိကန်နိုင်ငံသား Sagui Dekel Chen ကို ကြက်ခြေနီအဖွဲ့ထံသို့ လွှဲပြောင်းပေးရန် ခေါ်ဆောင်လာသည့် ဟားမတ်စ်အဖွဲ့ဝင်များ။ (၁၅ ဖေဖော်ဝါရီ ၂၀၂၅)​ (AP)
အကျဥ်းသားလဲလှယ်ရေးအစီအစဥ်အရ လွတ်မြောက်လာသည့် အစ္စရေးလ်နွယ်ဖွား အမေရိကန်နိုင်ငံသား Sagui Dekel Chen ကို ကြက်ခြေနီအဖွဲ့ထံသို့ လွှဲပြောင်းပေးရန် ခေါ်ဆောင်လာသည့် ဟားမတ်စ်အဖွဲ့ဝင်များ။ (၁၅ ဖေဖော်ဝါရီ ၂၀၂၅)​ (AP)

ဟားမတ်စ်အဖွဲ့ဟာ စစ်တပ် ဒါမှမဟုတ် အစိုးရရဲ့ အင်အားတရပ်အဖြစ် ဆက်သွားလို့မဖြစ်နိုင်ဘဲ အမြစ်ပြတ် ရှင်းလင်းပစ်ရမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂ‌နွေနေ့မှာ ပြောလိုက်ပါတယ်။

ဥပဒေတွေ ပြဌာန်းချမှတ်နိုင်တဲ့ အင်အားတရပ် ဒါမှမဟုတ် အုပ်ချုပ်နိုင်တဲ့ အင်အားတရပ်၊ ဒါမှမဟုတ် အကြမ်းနည်းနဲ့ ခြိမ်းခြောက်နိုင်တဲ့ အင်အားတရပ်အဖြစ် ဟားမတ်စ်အဖွဲ့က ရပ်တည်နေသမျှ ငြိမ်းချမ်းရေးက မဖြစ်နိုင်ဘူးလို့ အစ္စရေးလ် ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ဂျေရုစလင်မှာ တွေ့ဆုံချိန်အတွင်း Marco Rubio က ပြောခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ အရှေ့အလယ်ပိုင်းကို ပထမဆုံး ရောက်ရှိလာတာဖြစ်ပြီး ယူအေအီးနဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေကိုလည်း သွားရောက်ဦးမှာပါ။ ဒါပေမဲ့ ပါလက်စတိုင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့တော့ စီစဥ်မထားပါဘူး။

အမေရိကန်သမ္မတ ထရမ့်က ပါလက်စတိုင်းတွေကို အာရပ်နိုင်ငံတွေက လက်ခံထားပြီး အမေရိကန်ကို ဂါဇာ‌ဒေသ လွှဲပြောင်းပေးဖို့ အဆိုပြုထားတာပါ။

ပါလက်စတိုင်းတွေကို မရွှေ့ဘဲ ဂါဇာ ပြန်လည်တည်ဆောက်ရေး တန်ပြန် အဆိုပြုချက်တရပ်အတွက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ အာရပ်နိုင်ငံများ ထိပ်သီးညီလာခံကို အီဂျစ်က အိမ်ရှင်အဖြစ် ကမကထပြု ခေါ်ထားပါတယ်။

သီးခြား လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို အာရပ်နိုင်ငံများက တောင်းဆိုနေကြပြီး ယခင် အမေရိကန်အစိုးရကလည်း သဘောတူထားခဲ့ပါတယ်။

ဟားမတ်စ်ကို အမြစ်ပြတ် ရှင်းလင်းရမယ် (အမေရိကန်)
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG