သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို ဆက်လက် အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ကတိပြု


ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် Muhammad Yunus ကုလသမဂ္ဂမှာ မိန့်ခွန်းပြောနေစဉ် (စက်တင်ဘာ ၂၇၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် Muhammad Yunus ကုလသမဂ္ဂမှာ မိန့်ခွန်းပြောနေစဉ် (စက်တင်ဘာ ၂၇၊ ၂၀၂၄)

ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပစ်ပယ်ထားလို့ မဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် Muhammad Yunus က ပြောလိုက်ပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် လက်ခံထားတဲ့ ရိုဟင်ဂျာတွေကို ကျောခိုင်းလို့ မဖြစ်နိုင်ကြောင်း ဗွီအိုအေ ဘင်္ဂလားဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရှင်လည်းဖြစ်တဲ့ Dr. Yunus ကပြောခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိူင်ငံကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ကုလသမဂ္ဂနဲ့ရော ဘင်္ဂလားဒေ့ရှ်နဲ့ပါ မြန်မာနိုင်ငံက သီးခြားသဘောတူထားပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေတာပါ။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နောက်ထပ်ရိုဟင်ဂျာတွေ တိမ်းရှောင်လာနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိုးရိမ်နေပါတယ်။

ရိုဟင်ဂျာအရေး ဖြေရှင်းဖို့အတွက် နိုင်ငံတကာရဲ့ ကူညီမှုတွေ လိုအပ်ကြောင်းလည်း နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က အထွေထွေညီလာခံ မိန့်ခွန်းမှာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင်က တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်လည်း နိုင်ငံတကာ တရားရုံးတွေဖြစ်တဲ့ ICC ၊ ICJ တို့ကနေ ကြိုးပမ်းရလိမ့်မယ်လို့လည်း ပြောဆိုထားပါတယ်။

ရိုဟင်ဂျာတွေကို ဆက်လက် အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ် ကတိပြု
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG